ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)အရုဏ် ဆွမ်းလောင်းလှူ

ညောင်ဦး  စက်တင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပျက်အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့တော် သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့ ယနေ့ နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင် ဦးဆောင်သော ဆွမ်း၊ ငါးခြောက်ကြော်၊နှင့် သွားတိုက် ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ တိုင်းရင်းဆေး၊ ကော်ဖီမစ်ထုပ်ဦ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ငှက်ပျော်သီး များလှူဒါန်းခြင်း၊  အညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဉီးဆောင်ကာ ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ငါးငံပြာရည်ကြော်၊ ချဉ်ပေါင်ရွက်ကြော်၊ ပဲကြာဇံဟင်း၊ ယမ်ယမ်ခေါက်ဆွဲခြောက်တို့အား ဇေယျဝတီစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့ နံနက်တိုင်း အစဉ်လာမပျက် အရုဏ်ဆွမ်းလောင်းလှူခဲ့ရာ ယနေ့ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင်လည်း အရုဏ်ဆွမ်း (၂၇) ကြိမ်မြောက်လောင်းလှူခဲ့ပြီဖြစ်ကြောင်းသံဃာအပါး (၈၀) တို့ အားပုံမှန်လောင်းလှူခဲ့ပြီး ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်းသိရသည်။

ဒီပါလင်း