ငဖဲ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့်နေ့ ယနေ့နံနက် ၇ နာရီခွဲအချိန်က သံဃာတော် (၇၆)ပါးတို့အား ဝါတွင်း ဆွမ်းတော်ကြီးလောင်းလှူပွဲကို ငဖဲမြို့၊ ပဒါန်းကျေးရွာ အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူခဲ့ကြသည်။
အဆိုပါ ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ ပဒါန်းကျေးရွာအုပ်စု ပဒါန်းကျေးရွာနှင့် သာစည်ကျေးရွာ၊ စစ်တောကျေးရွာ၊ ရင်းရှည်၊ စာတတ်ကူကျေးရွာ နှင့် ကျောက်တန်းလေးပရဟိတကျောင်းမှ မြတ်စွာဘုရားအမှူးပြု၍ သံဃာတော်များနှင့် သာမဏေ (၇၆)ပါး ကြွရောက်တော်မူပြီး နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အလှူရှင်များ၊ ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ရွှေနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာများရှိ ပြည်သူများက ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထူငွေများကို စေတနာသဒ္ဒါတရား ထက်သန်စွာ လောင်းလှူခဲ့ကြပြီး လျှူဒါန်းမှုအစုစုတို့အတွက် ပဒါန်းဉတ္တရာ ရာမဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)