သတင်းများ

ငပုတောမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် ဦးစိုးဝဏ္ဏဝင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ ရွှေထွန်းဦး၊ စာသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင်မြင့်စန်းတို့က လူတန်းစား များအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက်၌ ရောင်းချပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Sep 29,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီး ခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 29,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂၁)လုံးမှ မိသားစုဝင်များအား ထောက်ပံ့​ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့သည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Sep 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ်(၆) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
လိပ်သိုမြို့တွင် ပျားဖွတ်ရာသီမရောက်မီ ဒေသထွက် သဘာ၀ပျားရည်စစ်စစ်များ ဈေးနှုန်း တည်ငြိမ်
Sep 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများ သောကြောင့် သစ်ပင်ကြီးများ အများအပြားရှင်သန်ပေါက်ရောက်လျက်ရှိရာ သစ်ပင်ကြီးများပေါ်တွင် ပျားအုံဖွဲ့၍ စွဲကပ်လျက်ရှိကြောင်း သိရသည်။ ဒေသထွက်သဘာ၀ ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာ၀ပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းကြောင့် ဝယ်ယူသူများပြား သော်လည်း ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဖုန်းအရောင်းဆိုင်များတွင် အခွန်တံဆိပ်ကပ်နှိပ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ပေါ်ရပ်ကွက်များရှိ ဖုန်းအရောင်းဆိုင်များတွင် အခွန်တံဆိပ်များ ကပ်နှိပ်ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ (၆၂) ကြိမ်မြောက် သံဃ့ာမဟာပဝါရဏာပွဲတော်ကြီးကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကျက်သရေဆောင်သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၆၂) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကြီးကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရွှေဆံတော် စေတီတော်မြတ်ကြီး ဂေါပကအစည်းအဝေးခန်းမ၌ ကျင်းပသည်။