သတင်းများ

ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) နေ့အထူးတရားပွဲကျင်းပ
Sep 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည်နေ့(ဂရုဓမ္မအခါတော်နေ့) နေ့ထူးနေ့မြတ်အခါသမယ၌ ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ကျင်းပသော ဝါတွင်းသီလပေးတရားနှင့် ဝါခေါင်လပြည့်(ဂရုဓမ္မအခါတော်နေ့)နေ့အထူးတရားပွဲကို ယနေ့နေလယ် ၁ နာရီက ရွှေဆံတော်စေတီရင်ပြင်ရှိ မြောက်ဘက် ချစ်တီး+ဒေါ်ပုတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
မော်လမြိုင်မြို့တွင် (၇၇) ကြိမ်‌မြောက် ရွာလုံးကျွတ်ဆီဆွမ်းလောင်းလှူပွဲ ကျင်းပ
Sep 29,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာ၊ ကော့ခမယ်ကျေးရွာအုပ်စု(၃)အုပ်စုတို့ စုပေါင်း၍ (၇၇)ကြိမ်‌မြောက် ရွာလုံးကျွတ် ဆီဆွမ်းလောင်းလှူပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 29,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Sep 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၂၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းကမှော်ဘီမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
ပဲခူးမြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ သင်တန်းဆင်းပွဲကျင်းပ
Sep 29,2023
ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Sep 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ငပုတောမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် ဦးစိုးဝဏ္ဏဝင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ ရွှေထွန်းဦး၊ စာသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင်မြင့်စန်းတို့က လူတန်းစား များအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက်၌ ရောင်းချပေးခဲ့သည်။