နောင်ချို စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နောင်ချိုမြို့ ဈေးရပ်ကွက် အာရှဝင်းလိုက် သံ၊ ဘိလပ်မြေအိမ်ဆောက်ပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးမိသားစုမှ အလှူတော်ငွေ သိန်း (၂၀)အား လှူဒါန်းရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်သာသနာ့ ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံးကို မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၏ ဩဝါဒကိုခံယူကာ သဖန်းကိုင်းပရဟိတဆရာတော်မှ ဦးဆောင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရန်အတွက် ဒါနရှင်၊ ပါရမီရှင်၊ ကုသိုလ်ရှင်များက တတ်အားသရွေ့ ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)