သတင်းများ

ရွှေတောင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့် ဝန်ထမ်းများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ဘဏ်ထုတ်ရာတွင် ပိုမိုလွယ်ကူလျင်စွာ ဆောင်ရွက်နိုင်ရန်၊ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးဝါး၊ ဆေးလိပ်နှင့် E-စီးကရက်အကြောင်း အသိပညာပေးဟောပြောဆွေးနွေး
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ စီစဉ်ကျင်းပသည့် မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးဝါး၊ ဆေးလိပ်နှင့် E-စီးကရက်အကြောင်း အသိပညာပေးဟောပြော‌ဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းဆောင်ရွက်
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ မိုးနှောင်းဝါစိုက်ပျိုးရေးစီမံကိန်းကို ဇူလိုင်လ ၂၂ ရက်နေ့က လေးကြီးကျေးရွာ၌ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာ၌ ရေတားနံရံကျောက်စီခြင်းနှင့် မြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများအားပြန်လည်ပြုပြင်
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ချောင်းများရေလျှံမှုမှကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာပေးဝေနိုင်ရေး၊ ဆည်များ၊ မြောင်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန်အတွက် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာများ၌ ရေတားနံရံကျောက်စီခြင်းနှင့် ဇော်ဂျီမြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများအား  ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်
Jul 25,2025
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား တွေ့ဆုံအားပေး ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားရုံးတွင် ကျင်းပခဲ့သည်။
ရွှေစုမြေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဒေသကြက်မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းသမဝါယမမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်သမဝါယမအသင်းစု၏ပံ့ပိုးငွေဖြင့် ရှမ်းစုကျေးရွာရှိ ရွှေစုမြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ မွေးမြူထားသည့်ဒေသကြက်(စစ်တကောင်းမျိုး) ကြက် မွေးမြူရေးခြံသို့ မြို့နယ်ဦးစီးအရာရှိနှင့်မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။