သတင်းများ

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 18,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာသင်ခန်းပြင်ပ သင်ခန်းစာတွေကို လေ့လာနိုင်‌စေရန်နှင့် ကဗျာရေးသားခြင်း၏ အခြေခံသဘောတရားများကို စနစ်တကျ လေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ကဗျာရေးသားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။
မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကွင်းဆင်း
Mar 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မဲကင်ကျေးရွာရှိ ခန်းမဆောင်တွင် မဲကင်အုပ်စု၊ မဲကင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းပြိုင်ပွဲများ ပြုလုပ်
Mar 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ကလေးသူငယ်များ အသိဉာဏ်ပညာတိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Mar 18,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ တောင်သူများ တစ်နှစ်လျှင်ပြောင်းဖူး လေးကြိမ်ထိ စိုက်ပျိုးရောင်းချ
Mar 18,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ကျေးရွာများ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို
Mar 18,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင်တွင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ် ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Mar 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ပြည်သူများ၏‌ နေအိမ်များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦးများ မီးလောင်ဆုံးရှုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲနှင့် ကလေးပြိုင်ပွဲများပြုလုပ်
Mar 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင်‌ ဟောပြောပွဲ၊ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်‌နေ့ည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။