သတင်းများ

မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ပြုလုပ်ပေး
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် UID (Unique Identity)ကတ်များ ပြုလုပ်ပေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူနေမှု ကွင်းဆင်းစစ်ဆေး
Jul 25,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ခရိုင်လဝကဦးစီးမှူး ဦးမင်းနိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးရှင်းလင်းဟောပြော
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လိုက်လံအသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ရေနံချောင်းမြို့နယ်၌ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jul 25,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက ညောင်လှကမ်းနားရပ်နှင့် ဆားတိုင်ဆိပ်ကမ်းတို့တွင် ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲပြုလုပ်
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် နတ်မော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ယမန်နေ့နံနက်ပိုင်းက  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Si Pwar ကုမ္ပဏီမှ ဒေသခံတောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
နောင်တရားမြို့ပေါ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်
Jul 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပေါ်၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 25,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ပညာ‌ရေးပေါင်းစပ်သင်တန်း‌ကျောင်းတို့  ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၉:၃၀) နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ကလောင်စုံရေးသားသည့် “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး”စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။