သတင်းများ

အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း)၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်
Jul 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID (Smart) ကတ်များ ဆောင်ရွက်ပေး 
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး  ဝန်ထမ်းများက  ဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းယောင်းမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ
Jul 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချ
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များများအား ယနေ့နံနက် ၇ နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်  ရောင်းချပေးကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် အွန်လိုင်းလိမ်လည်မှုအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ပင်မသုံးထပ်ဆောင် ရွှေဝါထွန်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက "လူကုန်ကူးမှုအန္တရယ်၊ မူးယစ်ဆေးဝါးအန္တရယ်နှင့် အွန်လိုင်းလိမ်လည်မှုအကြောင်း သိကောင်းစရာ" ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှုအခြေအနေအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 25,2025
ပဲခူးတိုင်း‌ဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (ဇီးကုန်း) ခန်းမ‌ဆောင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။