ပေါက်ခေါင်းမြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း ဇူလိုင် ၂၅      

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ မိုးနှောင်းဝါစိုက်ပျိုးရေးစီမံကိန်းကို ဇူလိုင်လ ၂၂ ရက်နေ့က လေးကြီးကျေးရွာ၌ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံသမဝါယမအသင်း(၈)သင်း၊ အသင်းသား (၃၃၄) ဦး၏ ဝါစိုက်ဧက(၁၃၀၀)အတွက် တစ်ဧကလျှင်နှစ်သိန်းကျပ်နှုန်းနှင့်ညီမျှသော ဝါမျိုးနှင့်သွင်းအားစုများကို မြို့နယ်သမဝါယမအသင်းစုအစီအစဥ်ဖြင့်ပံ့ပိုးဆောင်ရွက်ခဲ့ပြီး သဖန်းချို ကျေးရွာအုပ်စု၊ လေးကြီးကျေးရွာရှိ ဝါစိုက်တောင်သူဦးညွန့်စိန်၏ ဝါစိုက်ခင်းတွင် RAKA-666 (BT)မျိုးစိုက်ပျိုးနေမှုအား ဇူလိုင်လ(၂၂)ရက်နေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဝါစိုက်တောင်သူများ အဆင်ပြေစေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)