၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်

ချမ်းအေးသာစံ  ဇူလိုင် ၂၅

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား တွေ့ဆုံအားပေး ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာ ဝန်ကြီးကဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ တိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အသင်းမှအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနား၌ လူမှုရေးရာဝန်ကြီးကတွေ့ဆုံ အားပေးစကားများပြောကြား၍ ပြိုင်ပွဲဝင်အသင်းအတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာလူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၇ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပုသိမ်မြိုသို့ သွားရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)