သတင်းများ

ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ထုတ်ကုန်လုံခြုံမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသောက်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက စားသောက်ဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
တံတားဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းအစားများအား UID (Unique Identity) ကတ်များ ပြုလုပ်ပေး
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID(Unique Identity) ကတ်များကို   မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သနပ်ပင်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိ
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးတင်ဌေးနှင့်ဝန်ထမ်းများက သနပ်ပင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင်လွယ်လင့်တကူဖြစ်စေရေးအတွက်  UID (Unique Identity) ကတ်များကို ဇူလိုင် ၂၁ ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ဖြူးမြို့နယ်၌ “နေလူထုကျန်းမာရေးအဖွဲ့”မှ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား (Sun Community Health) "နေလူထုကျန်းမာရေးအဖွဲ့"မှ ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက စတင်ကာ မြို့ထောင့်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စုရပ်ထား၍ ဆောင်ရွက်ပေးကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်များ ဆောင်ရွက်ပေးပြီးဖြစ်
Jul 25,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID) ကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၄၁၈ ဦးအား Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ချောင်းရေမြင့်တက်မှုကြောင့် စိုက်ပျိုးပြီးစပါးခင်းများအတွင်း ရေဝင်ရောက်မှုအား ကွင်းဆင်းကြည့်ရှု
Jul 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ ၂၄ ရက်နေ့ အထိမိုးများရွာသွန်းခဲ့ပြီး မိုးရေတောင်ကျရေများကြောင့် နမ့်စလိုင်ချောင်းနှင့် နမ့်တွန်ချောင်းများမှ ချောင်းရေများမြင့်တက်ပြီး စိုက်ပျိုးပြီးသောစပါးခင်းများအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ)ကျောင်းခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
နေပြည်တော်‌ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်
Jul 25,2025
နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ နေပြည်‌တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြသည်။