ဒိုက်ဦး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းသမဝါယမမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်သမဝါယမအသင်းစု၏ပံ့ပိုးငွေဖြင့် ရှမ်းစုကျေးရွာရှိ ရွှေစုမြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ မွေးမြူထားသည့်ဒေသကြက်(စစ်တကောင်းမျိုး) ကြက် မွေးမြူရေးခြံသို့ မြို့နယ်ဦးစီးအရာရှိနှင့်မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။
ထို့နောက် အသင်းသားများ၏တင်ပြချက်အပေါ် မြို့နယ်ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့တို့သည် ယခုထက်ပိုမိုမွေးမြူနိုင်အောင်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)