သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

သာယာဝတီ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)က စာရေးဆရာ ဖေမြင့်​ရေးသားသော “နှလုံးသားအာဟာရ” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးကာ တက်ရောက်လာကြသည့် အ.လ.က(သာယာဝတီ)မှ​ ကျောင်းသား၊ ကျောင်းသူများက ယင်းစာအုပ်မှ မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်များကို ရွေးချယ်ဖတ်ကြားဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်မျိုးစုံနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)