သတင်းများ

သရက်မြို့၌ ကျောင်းကျန်းမာရေးကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေး ဟောပြောပွဲကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း (အ.မ.က) အနောက်ရပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ(၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 25,2025
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ(၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများသို့ ပံ့ပိုးသည့် မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်
Jul 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများသို့ ပံ့ပိုးသည့် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ဆောင်ရွက်ရမည့် စံပြုချက် (SOP)များ ရှင်းလင်းဆွေးနွေး
Jul 25,2025
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် စံပြုချက်(SOP)များအား ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။
ကော့မှူးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြော
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့‌ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။
ရေဦးတွင် မိသားစု၀င်ငွေတိုးစေမည့် ခြင်းတောင်းရက်လုပ်နည်းနှင့် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jul 25,2025
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်‌နေ့နံနက်ပိုင်းကမိသားစု၀င်ငွေတိုးစေမည့် ခြင်းဝောာင်းရက်လုပ်နည်းနှင့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် UID (Unique Identity) ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric ကောက်ယူပြီး (UID) Unique Identity ထုပ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။