ရွှေတောင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေး

ရွှေတောင် ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့် ဝန်ထမ်းများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ဘဏ်ထုတ်ရာတွင် ပိုမိုလွယ်ကူလျင်စွာ ဆောင်ရွက်နိုင်ရန်၊ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူး ဦးဝင်းထက်သွင်နှင့် မြို့နယ်ရုံးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားဘိုးဘွားများအား Biometric Date UID များ ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင် ၂၅ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)