စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 25,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတန်းပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာတွင် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)အသင်မှ ပဉ္စမနှစ်(ဒုတိယ နှစ်ဝက်) အသင်းအား ၉ ဂိုး ၈ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။