သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း ကုသိုလ်ဒါနအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားသို့ တက်‌ရောက်
Mar 10,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား ယမန်နေ့ မွန်းလွဲ (၁) နာရီက WILKES MYANMAR Co.LTD (ခေါင်းအုံးစွပ်၊ မှို့ယာ) စက်ရုံဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှုစစ်ဆေး
Mar 10,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Mar 10,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးဆောင်ပြီး (ထွေ/ အုပ်ဌာန၊ ဘေး/ စီမံဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ရွှေမြင့်မိုရ်ပရဟိတအသင်း) တို့မှပူးပေါင်းကာ မတ်လ(၈)ရက်နေ့ မွန်းလွဲ (၃) နာရီက ကွမ်သဲကျေးရွာ၊ရပ်ကွက် (၄) တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Mar 10,2024
တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အောင်ချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် ၉နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်၌ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဒုတိယအကြိမ်ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 10,2024
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ တီးတိန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဆိုင်းဇန်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းပြီးစီးမှုများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ကျေးလက်အင်ဂျင်နီယာ(၄) ဒေါ်နွမ်းလျန်းဝုန်နှင့်အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 10,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း အေလာယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ရေပေးဝေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော် က ယာယီရေထိန်းဆည် တည်ဆောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
မုဒုံမြို့၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Mar 10,2024
မွန်ပြည်နယ်  မုဒုံမြို့နယ်တွင်  မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာရှိ ဆန်ဝှေ့ယမ် သစ်ပါးလွှာစက်ရုံ၌ ပြုလုပ်သည်။