မုဒုံမြို့၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မုဒုံ မတ် ၁၀  

မွန်ပြည်နယ်  မုဒုံမြို့နယ်တွင်  မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာရှိ ဆန်ဝှေ့ယမ် သစ်ပါးလွှာစက်ရုံ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်းလေကျင့်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပိတ်မိ​နေသူများအားကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် စက်ရုံလုပ်သားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)