မအူပင် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား ယမန်နေ့ မွန်းလွဲ (၁) နာရီက WILKES MYANMAR Co.LTD (ခေါင်းအုံးစွပ်၊ မှို့ယာ) စက်ရုံဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးမှ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဘူးအသုံးပြု နည်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြိမ်းသတ်နည်းများအား ရှင်းလင်းပြောကြားပြီး မီးသတ်ဝန်ထမ်းများနှင့် စက်ရုံတွင်းဝန်ထမ်းများပူးပေါင်း၍ လက်တွေ့မီးငြိမ်းသတ်နည်းများအား သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် အဖွဲ့သည် စက်ရုံအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ဆောင်ရွက်ထားရှိမှုများအား လက်တွေ့စမ်းသပ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)