မြစ်ကြီးနား မတ် ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/ အမှုထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ဝင်များက သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်များနှင့် သစ်ရွက်ခြောက်များကောက်ယူစွန့်ပစ်ခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအရှေ့ဘက် ဧရာဝတီမြစ်ကမ်းပါ၌ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ Kachin State Clean & Green Team အဖွဲ့ဝင်များက ကမ်းနားတစ် လျှောက် အဆိုပါနေရာမှ နန်းသီတာကမ်းနားဆိပ်အထိ လူထုအပန်းဖြေစခန်းတစ်ခုအဖြစ် အကောင် အထည်ဖော်နိုင်ရေးအတွက် သစ်ပင်ခြုံနွယ်များ စုပေါင်းခုတ်ထွင်ရှင်းလင်းခြင်း၊ စက်ယန္တရားကြီးများ ဖြင့် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့အပြင် မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်ကြီးအား အများကုသိုလ်ဖြင့်လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ကုသိုလ်ဒါန ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီးအခမ်း အနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ နှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတီတော်ကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌက စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလှူရှင်များ၏ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့မှုနှင့် သာသာရေးဆိုင်ရာများကို လျှောက်ထား တင်ပြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ထံမှ အနုမောဒနာတရားတော်များ နာယူကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်