မန့်ဟီးရိုးမြို့ရှိ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Jul 18,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ လူမှုရေးပင်စင်ထောက်ပံငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ အဘိုးအဘွားများကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က တစ်အိပ်တက်ဆင်း လက်ဝယ်အရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။