ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ

ငါန်းဇွန်     မတ် ၁၀

တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အောင်ချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် ၉နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးရဲထက်နိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇော်အောင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များ မေးမြန်းမှုအား တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများအား "ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ" သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဘုရားထူးကျေးရွာ၊ ထမင်းဆိုင်ကျေးရွာ၊ ထန်းဇင်လှကျေးရွာ၊ ပေါက်အိုင်ကုန်း ကျေးရွာ၊ ရွာလှကုန်းကျေးရွာနှင့် မလဲကျင်းကျေးရွာတို့မှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)