တီးတိန် မတ် ၁၀
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ တီးတိန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဆိုင်းဇန်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းပြီးစီးမှုများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ကျေးလက်အင်ဂျင်နီယာ(၄) ဒေါ်နွမ်းလျန်းဝုန်နှင့်အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါလုပ်ငန်းသည် ဆိုင်းဇန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် ကွန်ကရစ်ရေပြွန်အတိုင်းအတာ (၁၈'×၄'×၄')ရှိ ၁၀စင်းတည်ဆောက်ခြင်းလုပ်ငန်းဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်၈၀သန်းဖြစ်ကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်