ပြည်ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ" ဖွင့်လှစ်
Jul 18,2023
ပဲခူးတိုင်းဒေသကြီအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်သော "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်သည်။