သတင်းများ

မွန်ပြည်နယ်၊ ရေးမြို့နယ်ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား
Jul 19,2023
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် အာဇာနည်နေ့အထိမ်းအမှတ်ဥသြဆွဲအလေးပြုခြင်း
Jul 19,2023
တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် မြို့အဝင်ကမ်းနားလမ်းရှိ မြို့နယ်မီးသတ်ရုံးတွင် ဒုဦးစီးမှူး ဦးသူရိန်စိုးနှင့်တပ်ဖွဲ့ဝင်(၁၃)ဦးတို့မှ ယနေ့ နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် (၇၆)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ်အောက်မေ့လွမ်းဆွတ်ဂါရဝပြုခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်တင်ခြင်း၊ နိုင်ငံတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ပြုလုပ်ပြီး (၂)မိနစ်အကြာ ငြိမ်သက်၍ မီးသတ်စခန်းရုံးရှိ မီးငြှိမ်းသတ်ယာဥ်(၂)စီးဖြင့် သြဥဆွဲမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် အာဇာနည်နေ့အထိမ်းအမှတ်ဥသြဆွဲအလေးပြုခြင်း
Jul 19,2023
တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် မြို့အဝင်ကမ်းနားလမ်းရှိ မြို့နယ်မီးသတ်ရုံးတွင် ဒုဦးစီးမှူး ဦးသူရိန်စိုးနှင့်တပ်ဖွဲ့ဝင်(၁၃)ဦးတို့မှ ယနေ့ နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် (၇၆)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ်အောက်မေ့လွမ်းဆွတ်ဂါရဝပြုခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်တင်ခြင်း၊ နိုင်ငံတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ပြုလုပ်ပြီး (၂)မိနစ်အကြာ ငြိမ်သက်၍ မီးသတ်စခန်းရုံးရှိ မီးငြှိမ်းသတ်ယာဥ်(၂)စီးဖြင့် သြဥဆွဲမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသောဗိုလ်မှူးချုပ်တင်ဆွေနှင့်  တာဝန်ရှိသူများသည် မိုးစပါးဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိကာ မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 19,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဦးစီးဌာန နှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍  မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများအား ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် မိုးစပါးဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိကာ မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
မချမ်းဘောမြို့နယ်၌ ဂရိတ်ဖရုအသီးခြံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရှောက်မျိုးနွယ်အောက်ခံပျိုးပင်များ အခမဲ့ ဖြန့်ဝေ
Jul 19,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်အရ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားရေး ဂရိတ်ဖရု အသီးခြံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရှောက်မျိုးနွယ်အောက်ခံပျိုးပင်များကို ယနေ့မွန်းလွဲ ၂နာရီတွင်  တောင်သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ ယာယီနေရပ်စွန့်ခွာသူဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Jul 19,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ လွိုင်ကော်မြို့သို့ ယာယီနေရပ်စွန့်ခွာသူ ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦိးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ
Jul 19,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား
Jul 19,2023
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ နေပြည်တော်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။