ချောင်းဆုံ မတ် ၁၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးဆောင်ပြီး (ထွေ/ အုပ်ဌာန၊ ဘေး/ စီမံဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ရွှေမြင့်မိုရ်ပရဟိတအသင်း) တို့မှပူးပေါင်းကာ မတ်လ(၈)ရက်နေ့ မွန်းလွဲ (၃) နာရီက ကွမ်သဲကျေးရွာ၊ရပ်ကွက် (၄) တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရခြင်းသည်မီးသတ် ကားဝင် ထွက်သွားလာခက်ခဲသောကျေးရွာများတွင် မီးလောင်မှုဖြစ်ပွားလာပါက တုံ့ပြန် ဆောင်ရွက် နိုင်ရန်အတွက် ရေအဆက်မပြတ်ရရှိရေး အဝီစိတွင်းများမှ အပေါ့စားစက်ဖြင့် ရေရယူခြင်း၊ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွင်ပြည်သူများ ပူးပေါင်းပါဝင်တတ် စေရန်ရည်ရွယ်၍ ယခုလိုအသိပညာပေးလုပ်ငန်းကိုစဉ်ဆက်မပြတ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ မြိုန့ယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးကပြောသည်။
မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များအသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဗူးအသုံးပြုပုံ အဆင့်ဆင့်နှင့် မီးငြှိမ်းသတ်နည်းများကို တက်ရောက်လာသူပြည်သူ (၅ဝ)ဦးဖြင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
မြို့နယ်(ပြန်/ဆက်)