သတင်းများ

တပ်ကုန်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြု ဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ စာစီစာကုံးနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆေးရာင်ခြယ်၊ ပန်းချီ၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jul 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၁:၀၀)နာရီ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်မှ အမှာစကားပြောကြားပြီး ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ဇူလိုင်လ(၁၉)ရက်‌ နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်  နံရံကပ်စာစောင်ပြပွဲ‌ ရေဦးမြို့တွင် ကျင်းပ
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အင်ကြင်းဆောင်ခန်းမတွင် ၂၀၂၃ ခုနှစ် ဇူလိုင်(၁၉)ရက် နေ့တွင်ကျရောက်မည့်  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့‌ကြောင်း သိရသည်။
ကမမောင်းမြို့တွင် လူကုန်ကူးမှုပပျောက်ရေးအထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jul 18,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုပပျောက်ရေးအထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့
Jul 18,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမနေ့နေ့လယ်ပိုင်းက မြို့နယ်လူမှု ဝန်ထမ်းရုံး၌ ပြုလုပ်ခဲ့သည်။
ဆဒုံးမြို့၊ (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ပြုလုပ်
Jul 18,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" Talk Show ပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jul 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁:၀၀)နာရီတွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်နံရံကပ်၊ စာအုပ်စာစောင်ပြပွဲအခမ်းအနားအား ကျင်းပခဲ့သည်။