ကြည့်မြင်တိုင်မြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Jul 18,2023
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အသိပညာပေးဟောပြောဆောင်ရွက်ခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့သည်။