သတင်းများ

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ မိုးတွင်းအချိန်တွင် အထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်း
Jul 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံ ပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင်တပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့်ရောင်းချ
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ယနေ့နံနက် (၉)နာရီအချိန်က အ‌ရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင်တပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက်သာစွာဖြင့် အပါတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲများကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဇူလိုင်(၁၉)တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြု‌သောအားဖြင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများအား ယမန်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်) မြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 20,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်မကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဖျာပုံ​မြို့၌ တရားမဝင် ကျားဖောင်များ လုပ်ကိုင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်ကျားဖောင်များ လုပ်ကိုင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ အင်္ဂလန်ကျားဖောင်လုပ်ငန်း လုပ်ကိုင်သည့် ဘုန်းကြီးသောင်ကျေးရွာ၊ ချောင်းဝကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
တနိုင်းမြို့ အခြေခံပညာ မူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jul 20,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ အခြေခံပညာမူလတန်းလွန်-မုန်ဒိန်ကျောင်း၌ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့တွင် ဒေသထွက်မက်မန်းသီးများ ဈေးကောင်း၍ မိသားစုအပိုဝင်ငွေရ
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ရွှေဖီမြေဟု တင်စားခေါ်ဝေါ်ရသော လက်ဖက်ပေါသည့်မြေ၊ တာမိုးညဲမြို့တွင် ဒေသထွက်အသီးအနှံများဖြစ်သော လက်ဖက်၊  တောင်ပေါ်မျှစ်၊ တညင်းသီး၊ လိုက်ချီးသီး၊ ပိန္နဲသီးနှင့် မက်မန်းသီးများ၊ ရာသီအလိုက်အသီးများနှင့်ဟင်းသီး ဟင်းရွက်များ လှိုင်လှိုင်ပေါများ လျက်ရှိရာဇွန်လနှင့်
နမ့်စန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် ညောင်ပင်တစ်ပင် အမြစ်လန်လဲကျမှုဖြစ်ပွား
Jul 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဇူလိုင်(၁၈)ရက်နေ့ ညနေ ၆ နာရီခွဲချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မစည်ပင်သာယာဈေး အနီး အမှတ်(၅)ရပ်ကွက်နေ ဦးကျော်မြင့် နေအိမ်အတွင်းရှိ အမြင့်ပေ ၉၀ ကျော်ခန့်၊ လုံးပတ် ပေ ၃၀ ခန့်ရှိ သက်တမ်းရင့် ညောင်ပင်တစ်ပင် အမြစ်လန်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။