သတင်းများ

ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၏ ဒေသဖွံ့ဖြိုးရေး ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 02,2023
ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၏ ဒေသဖွံ့ဖြိုးရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၁၇)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
Aug 02,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကသာမြို့ အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၁၇)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့၌ စစ်ကိုင်းမြို့မှ ဒေသထွက်အစိမ်းရောင်ဖရဲသီးများ ရောင်းအားကောင်း
Aug 02,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် မြို့အဝင်သစ်သီးဆိုင်များတွင် စစ်ကိုင်းမြို့မှ ဒေသထွက် အစိမ်းရောင်ဖရဲသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြစ်ရေမြင့်တက်လာ၍ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်
Aug 02,2023
မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်စပ်ခြား ဘီးလင်းမြစ်ရေ မြင့်တက်လာရာ ယမန်နေ့ ညနေပိုင်းမှစတင်ကာ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ မြစ်ကမ်းအနီး အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အန္တရာယ်အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
နောင်ချိုမြို့နယ် မြို့ဦးကျောင်းတိုက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Aug 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့ဦးကျောင်းတိုက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂:၀၀နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် အုတ်မြစ်ချ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Aug 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင်တည် ထားကိုးကွယ်သွားမည်ဖြစ်ရာ အုတ်မြစ်ချ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စေတီတော်ပရဝုဏ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။