ကျိုင်းတုံ ဩဂုတ် ၂
ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၏ ဒေသဖွံ့ဖြိုးရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (အခမဲ့)ထိုးနှံဆောင်ရွက်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နေမှု၊ မြို့နယ်များ သန့်ရှင်းသာယာလှပရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စသည့် ကိစ္စရပ်များကို တင်ပြညှိနှိုင်းဆွေးနွေးကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)