မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးနဲ  ဩဂုတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ လုံခြုံရေးသတိရှိကြရန်၊ မိုးတွင်းကာလ ရုံးပတ်ဝန်းကျင်းသန့်ရှင်းရေး၊ မြို့ပေါ် ရပ်ကွက်များတွင် လမ်းဘေး(ဝဲ/ယာ) ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ရပ်ကွက် အုပ်ချုပ်ရေးမှူးများ သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်၊ လအပတ်စဥ် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မသန် စွမ်းများမှတ်ပုံတင်ဆောင်ရွက်နိုင်ရန် စာရင်းများကောက်ယူရာတွင် ပူးပေါင်း ဆောင်ရွက် ပေးကြရန်၊ နိုင်ငံ့စီးပွားရန်ပုံငွေနှင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကွင်းဆင်းကြည်ရှု၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးကြရန်၊ ဝါ‌ဆို သင်္ကန်းဆက်ကပ်လှူနိုင်ရေးနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အောင်လက်မှတ်များပေးအပ်နိုင်ရေးအတွက် ပူးပေါင်းပါဝင်လှူဒါန်းကြရန်စသည်ဖြင့် အဖွင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်‌/ကျေး အုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာလုပ်ငန်းအလိုက် ‌တင်ပြကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်