သံတွဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်ထုတ်ပြန်
Aug 02,2023
သံတွဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းအတွင်း ချောင်းရေများစိုးရိမ်ရေအမှတ်ထက်မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွါးလာနိုင်သဖြင့် အနိမ့်ပိုင်းဒေသရှိပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ချက်များကို မြို့အတွင်း လှည့်လည်ဆော်ဩလျက်ရှိကြောင်းသိရသည်။