မိုင်းဖြတ် ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင်တည် ထားကိုးကွယ်သွားမည်ဖြစ်ရာ အုတ်မြစ်ချ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စေတီတော်ပရဝုဏ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော် (အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသကနှင့် သံဃာတော်အရှင်သူမြတ်များ၊ ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက အရပ်ရှစ်မျက်နှာရှိ နေ့နာမ်ထောင့်များ၌ သတ်မှတ်နေရာ အသီးသီးတို့တွင် နေရာယူ၍ အုတ်မြစ်ချ မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီး သံဃာတော်အရှင်သူမြတ်များက အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။ ယင်းနောက် ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသက ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်ကြီးကို ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများက တည်ထားကိုးကွယ် လျက်ရှိပြီး ယခင်က ဉာဏ်တော်အမြင့် ၂၂ ပေ၊ ၆ လက်မ၊ ပလ္လင်တော် ၂ ပေ၊ ၆ လက်မရှိရာ အသစ်ပြန်လည် ပြုပြင်မွမ်းမံရာတွင် ဉာဏ်တော်အမြင့် ၂၇ ပေ၊ ပလ္လင်တော် ၅ ပေ မြှင့်တင်တည်ထား ကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)