ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Aug 02,2023
၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မာစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၅၁/၂၀၂၃)အရ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဥ်းသား(၁၂)ဦးတို့အား ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့် ပြုပေးခဲ့ ကြောင်း သိရသည်။