လဲချားတွင် မျိုးစေ့သန့်စင်စက် စမ်းသပ်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေး
Aug 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စပါးမျိုးကောင်းမျိုးသန့် ပိုမိုပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေ၊ ငွေလုံးငွေရင်းဖြင့် ဝယ်ယူထားရှိသော စပါးမျိုးစေ့သန့်စင်စက် စမ်းသပ်လည်ပတ်မှုကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။