သတင်းများ

ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ဇူလိုင်(၃၀)ရက်နေ့တွင် လေပြင်းတိုက်ခတ် ကာ သစ်ပင်ပြိုလဲ၍ လူနေအိမ်(၂)လုံး ပျက်စီးခဲ့ပြီး အလားတူ ဇူလိုင်(၃၁)ရက်နေ့တွင်လည်း သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် လေပြင်းတိုက်ခတ်ကာ သစ်ပင်ပြိုလဲ၍ လူနေအိမ်(၁)လုံး ပျက်စီးခဲ့သဖြင့် ယနေ့ နေ့လယ် (၁)နာရီခွဲအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးခဲ့သည့်လူနေအိမ်(၃)လုံးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့် ပြည်သူများအတွက် ရေဘေးကယ်ဆယ် ရေးစခန်း (၃)ခုဖွင့်လှစ်
Aug 02,2023
ကျိုက်ထိုမြို့နယ်အတွင်းမိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ဩဂုတ်(၂)ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ခဲ့ရသည်။
ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ 
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံဖြူဇရပ် မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးဖြင့် တုပ်ကွေးရောဂါကုသနည်းအကြောင်း ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Aug 02,2023
မွန်ပြည််နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် တုပ်ကွေးရောဂါကုသနည်းအကြောင်းဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
မချမ်းဘောမြို့နယ်၌ ငါးမွေးမြူရေးဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 02,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်ဖြင့် ကျေးလက်နေဒေသခံ ပြည်သူများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သဘာဝငါးသယံဇာတကို အပြည့်အဝအသုံးချတတ်လာစေရန်၊ ကျေးလက်နေမိသားစု တစ်စုချင်းစီ၏ ငါးစားသုံးမှု ပိုမိုမြင့်တက်လာစေရန်၊ တိုင်းရင်းငါးမျိုးများ မျိုးသုဥ်းပျက်စီးမှုမှ ထိန်းသိမ်းကာကွယ်ရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ငါးမွေးမြူရေးဆင့်ပွား သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဖွင့်လှစ် ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် လေးပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး ပြိုလဲပျက်စီး၍ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း အမိုးလန်  ပျက်စီးမှုဖြစ်ပွားခဲ့
Aug 02,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ယနေ့ နံနက်(၇)နာရီအချိန်က လေပြင်းများတိုက်ခတ်မှုကြောင့် မီးတိုင်တော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာတွင် လူနေအိမ် (၁၁)လုံး ပြိုလဲပျက်စီး၍ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း အမိုးလန်  ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့တွင် မွေးကင်းစမှအသက် ၂ နှစ်အောက် ကလေးများနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ပေး
Aug 02,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌  မွေးကင်းစမှ အသက်၂နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ဆေးထိုး ဆေးတိုက်ခြင်းများကိုယနေ့နံနက်ပိုင်း မှစတင်၍  မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
ဝါးခယ်မမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံ‌ငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်နှင့် အဖွဲ့သည် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံ‌ငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။