ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၁၇)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ကသာ ဩဂုတ် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကသာမြို့ အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၁၇)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။        

ထိုသို့လွတ်မြောက်ခဲ့ကြသည့် အကျဉ်းသား/ အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့် ပေးအပ် ခြင်းကို ကသာအကျဉ်းထောင်ရှိ ဧရာရန် အောင် ဧည့်ရိပ်သာခန်းမတွင် ကျင်းပခဲ့ရာ အမှတ်(၈၈၂) နည်းဗျူဟာမှူး (ကွပ်ကဲရေးမှူး) ဗိုလ်မှူးကြီး ကျော်သူလှိုင်၊ ကသာခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်တို့က ဆုံးမဩဝါဒ စကားများ ပြောကြားခဲ့ပြီး ကသာအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က လွတ်ငြိမ်းသက်သာခွင့် ကတ်ပြားနှင့် ခရီးစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာ တင် အထိမ်းအမှတ်နေ့တွင် ကသာအကျဉ်း ထောင်မှ လွတ်ငြိမ်းသက်သာခွင့် ရရှိသူ အမျိုးသား (၁၅)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၇)ဦးဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)