သတင်းများ

ကျောက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်  အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက် (၉)နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား ဆောင်ရွက်ပေးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာနှင့် လယ်ဖီလာကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးမှု ရှိ/ မရှိနှင့် စီမံကိန်း ရန်ပုံငွေ စာရင်းဇယားများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/ မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
Jun 19,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းကို မြောက်ပိုင်ရပ်ကွက်နှင့် ဈေးတောင်ရပ်ကွက်၌ ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ပြည်ခရိုင်တွင် ပြင်ပပုဂ္ဂိုလ်များအား အခြေခံပညာဦးစီးဌာန၌ အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြများအဖြစ် ခန့်ထားနိုင်ရေး အရည်အချင်းစစ်စာမေးပွဲကျင်းပ
Jun 19,2021
ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင်ပညာရေးမှူးရုံးမှကြီးမှူးကျင်းပသော ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်မှ အခြေခံပညာဦးစီးဌာနတွင် သင်ကြားရေး တာဝန်ထမ်းဆောင်ရန် လျှောက်ထား လာသော ပြင်ပပုဂ္ဂိုလ်များအား အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြများအဖြစ် ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို  ပြည်မြို့ အ.ထ.က (၁)နှင့်အ.ထ.က (၄) စာစစ်ဌာန(၂)ခုတို့၌ ယနေ့နံနက် ၉ နာရီကစတင်ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် နွေရာသီအားစားသင်တန်းမှ အားကစားသမား(၂၀၀)ဦး မွေးထုတ်ပေးနိုင်ခဲ့
Jun 19,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ဖွင့်လှစ်လျက်ရှိသည့် နွေရာသီအားစားသင်တန်းမှ အားကစားသမား(၂၀၀)ဦးအား မွေးထုတ်ပေးနိုင် ခဲ့ကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးသင်တန်းဖွင့်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား(၇၇) ဦးအား အထူးလျှော့ရက်ခံစားခွင့်ပြု
Jun 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူးလျှော့ရက်များခံစားခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် ၁၀  နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းဆတ်မြို့၌ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jun 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူ ပူဇော်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက် ၈ နာရီခွဲတွင် တာဝန်ရှိသူတို့က ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။