တနင်္သာရီမြို့နယ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးမှု အတတ်သင်စခန်းမှ အကျဥ်းသား (၁၆) ဦးအား ကျင့် ၄၀၁ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေး
Aug 02,2023
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) ဖြင့် အကျဥ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဥ်းသား/အကျဥ်းသူ (၇၇၄၉) ဦး တို့အား ရာဇကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုသည့်အနက်မှ တနင်္သာရီတိုင်းဒေသကြီး - တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ထုံခါးကျေးရွာ အခြေ စိုက် ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးမှု အတတ်သင်စခန်းမှ လွတ်မြောက်သည့် အကျဥ်းသား (၁၆) ဦးအား လွတ်ပေးသည့် အခမ်းအနားကို ဩဂုတ်လ ၁ ရက်နေ့ (၁၃၈၅) ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) မွန်းလွဲ ၁ နာရီ ၄၅ အချိန်က ၎င်းစခန်းရုံးအတွင်း ကျင်းပပြုလုပ်ရာ ဆင်ဖြူရှင်စခန်း တာဝန်ခံ ထောင်ပိုင် ဦးဇေယျာလင်း ဒုတိယစခန်းတာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး ဦးကောင်းမြတ်အောင်နှင့် ဝန်ထမ်းများ၊ ယနေ့ လွတ်မြောက်သည့် အကျဥ်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။