သိန္နီ သြဂုတ် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် မြို့အဝင်သစ်သီးဆိုင်များတွင် စစ်ကိုင်းမြို့မှ ဒေသထွက် အစိမ်းရောင်ဖရဲသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
အစိမ်းရောင်ဖရဲသီးသည် ခန္ဓာကိုယ်အတွက် အရေးပါသည့်အာဟာရဓာတ်များ၊ သတ္တုဓာတ်များ၊ အော်ဂဲနစ် ဒြပ်ပေါင်းများစွာပါဝင်မှုရှိသောကြောင့် လူအများနှစ်သက်စွာ စားသုံးသော အသီးတစ်မျိုး ဖြစ်သည်။ အစိမ်းရောင်ဖရဲသီးသည် စစ်ကိုင်းမြို့မှ မှာယူရောင်းချခြင်းဖြစ်ပြီး သိန္နီမြို့၌ ဒေသထွက် ဖရဲသီးကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလမှ ခူးဆွတ်ရောင်းချခြင်းဖြစ်သည်။ အဆိုပါ စစ်ကိုင်းမြို့မှဒေသ ထွက်ဖရဲသီးအား တစ်လုံးကို ၃၀၀၀ ကျပ်ဖြင့်ရောင်းချပြီး ၁၀ လုံးဝယ်ယူပါက တစ်လုံးကို ၂၇၀၀ ကျပ် ရောင်းချ၍ ကုန်စျေးနူန်းအတက်အကျအတိုင်း စစ်ကိုင်းမြို့သို့ အလုံးရေ ၁၅၀၀ မှာယူရောင်းချကာ ပုံမှန်အားဖြင့် တစ်နေ့လျှင် အလုံး ၅၀ ရောင်းချ နိုင်လျက်ရှိကြောင်းသစ်သီးရောင်းချသူ တစ်ဦးထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)