သတင်းများ

ပူတာအိုမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းပူးပေါင်းဆောင်ရွက်
Sep 14,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော် မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး ပြည်သူများသိရှိ လိုက်နာလာစေရန်အတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ ဖြန့်ဝေခြင်းများကို ယ နေ့ နံနက်(၇) နာရီမှစတင်၍ မြို့မဈေး၊လေ ယာဉ်ကွင်းဈေးနှင့် လူသွားလူလာများသော လမ်းဆုံလမ်းခွများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Sep 14,2020
မန္တလေးခရိုင်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ယမန်နေ့မှစ၍ ဆိုင်စားရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာ Case 1975 ဝင်ရောက်နားခဲ့သည့် ကျောက်မဲမြို့နယ်၊ “နှင်းတောင်တန်း ၂” စားသောက်ဆိုင်မှ ဆိုင်ရှင်နှင့်ဝန်ထမ်း ၁၅ ဦးအပါအဝင် ကျောက်မဲမြို့နယ်မှ ဆေးစစ်ချက်ပေးပို့ထားသူ ၄၃ ဦး စလုံး ကိုဗစ်-၁၉ ပိုးမတွေ့
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အဖြစ်များဒေသမှ ပြန်လာသည့် ဒေသ(ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်)မှ ပြန်လာသည့်သူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လာသည့်သူများကို အသွားအလာကန့်သတ်စောင့်ကြည့်သည့်စင်တာတွင် ထားရှိပြီး အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်သူများ၏ ဓါတ်ခွဲနမူနာ (အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်) များကို ရယူ၍ ပြည်သူ့ကျန်းမားရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့ စစ်ဆေးလျက်ရှိသည်။
တွံတေး၌ Community Based Facility Quarantine Centre ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအား ပြည်သူ့ဆေးရုံရှိ လူနာစောင့်များ ထားရှိရာအဆောင် (၂၄)ဦးဆံ့ Community Based Facility Quarantine Centre၊ အစိဏ္ဏကံတန်ဆောင်း၊ ရှမ်းတန်ဆောင်းတို့တွင် (၃၄)ဦးဆံ့၊ Community Based Facility Quarantine Centre နှင့် ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ် ဆေးရုံဟောင်းတွင်(၁၀)ဦးဆံ့ Community Based Facility Quarantine Centre စုစုပေါင်း (၃)ခု ဖွင့်လှစ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း (Stay at home) ကာလအတွင်း လူဝင်လူထွက် စစ်ဆေးနေခြင်းများအား ကွင်းဆင်းကြည့်ရှု
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း (Stay at home) ကာလအတွင်း လူဝင်လူထွက် စစ်ဆေးနေခြင်များကို ယမန့်နေ့ ညနေ(၅:၀၀)နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး
Sep 14,2020
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချနေသည့် ဆိုင်များ အားလုံး ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ယာယီအားဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ / မရှိ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ စတင်ပေးအပ်
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂နှစ်အောက်ကလေးများကို ထောက်ပံ့ကြေး များပေးအပ်သည့် အစီအစဉ်များကို KBZ Payများမှတစ်ဆင့် လည်းကောင်း၊ မိုဘိုင်းဖုန်း မရှိသူများကို ဘဏ်ဝန်ထမ်းများကတစ်ဆင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၃ရက်နေ့က သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ဒေသဖွံ့ဖြိုးလုပ်ငန်း များကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက် အ.မ.က(၃)ကျောင်းဘေးနှင့် အမှတ်(၁)နှင့်(၂)ကြား တြိဂံချွန်းနေရာများတွင် သာယာလှပ တင့်တယ် စေရန် ကွင်းဆင်း စိစစ်ခဲ့သည်။