သတင်းများ

ရန်ကင်းမြို့နယ်၌ “အဖြူရောင်ရေခဲလွင်ပြင်နှင့် အညိုရောင်ချောကလက်အိပ်မက်” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများ မှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jun 15,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ စာရေးဆရာခိုင်ချစ်အောင်၏ “အဖြူရောင် ရေခဲလွင်ပြင်နှင့် အညိုရောင်ချော ကလက်အိပ်မက်” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မင်းလှ၌အသက်(၈၅)နှစ်အထက် ဘိုးဘွား(၉၄၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က အသက်(၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့်(၃) လစာထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့တွင် အစိုးရပထမစာပြန်ပွဲ ပိတ်သိမ်းပွဲနှင့် ယမန်နှစ်တွင် စာပြန်ပွဲဖြေဆို ​အောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jun 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၊ ဇေယျသုခကျောင်းတိုက်၌ ဇွန်လ(၇) ရက်နေ့မှ (၁၃)ရက်နေ့အထိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အစိုးရပါဠိပထမစာပြန်ပွဲ ပိတ်သိမ်းပွဲနှင့် ယမန်နှစ်တွင် နမ့်ခမ်းစာဖြေဌာနမှ အစိုးရပါဠိ ပထမစာပြန်ပွဲ ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 15,2021
ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေး ရည်ရွယ်ပြီး ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ကတောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 15,2021
၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများမဖြစ် ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကျေးရွာအုပ်စု၊ အနီး တွံတေး-လှိုင်သာယာကားလမ်းမကြီး မိုင်တိုင်အမှတ် ၆ မိုင် ၇ ဖာလုံတွင် မြို့နယ် သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အဆိုပါကားလမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန ၏၂၀၂၁-၂၀၂၂ပညာသင်နှစ် ဝန်ထမ်းသား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း  သိရသည်။
ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ပြုလုပ်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗိုလ်ချုပ်လမ်းမပေါ်နှင့် ကိုးသောင်းဈေးတို့၌ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာ များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာ သွားလာသည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာဖို့ မမေ့ကြရန် အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး
Jun 15,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက်ပိုင်းက မအူပင်ကျေးရွာမှ တောင်သူ(၇၁)ဦး၏ မိုးစပါး စိုက်ပျိုးသီးနှံစိုက်ဧက(၃၅၃)အတွက် စုစုပေါင်းချေးငွေကျပ် (၅၂၉၅၀၀၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။