ရွှေဘိုခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃ ) ဆင်းပွဲကျင်းပ

​ရွှေဘို သြဂုတ် ၇

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေး ဆိုင်ရာကော်မတီ၊​ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။            

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦး​အောင်မြင့်က သင်တန်းဆင်းအမှာစကား​ပြောကြားရာ၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့်၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အလုပ်သမားညွှန်ကြား​ရေးဦးစီးဌာန တာဝန်ခံမှသင်တန်းဆင်းလက်မှတ်များ​ပေးအပ်ခဲ့သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက်ညွန်ကြား​ရေးမှူး ဦးမျိုးထက်​မောင်က​ သင်တန်းထုတ်ကုန်များ​ပေးအပ်ရာ၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက​ ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီး၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့​ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမ(၂)ဦးတို့က ကိတ်မုန့်၊​ပေါင်မုန့်အမျိုးမျိုးအပါဝင် မုန့်အမျိုးမျိုး ပြုလုပ်ခြင်းများကို စာ​တွေ့၊ လက်​တွေ့သင်ကြား​ပေးခဲ့ကြောင်း၊ သင်တန်းတက်​ရောက်သူ(၂၀)ဦးရှိ​ပြီး၊ သင်တန်းကာလမှာ (၃၁.၇.၂၀၂၃)မှ (၆.၈.၂၀၂၃) ရက်​​နေ့ထိဖြစ်​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)