တောင်ဥက္ကလာပ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာ သုံးဆယ် မောင်မိုးယဉ်၏ ကိုယ့်ရင်ထဲက မောင့်ချစ်သည်းစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ မောင်မြကျော်က အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆရာတက္ကသိုလ်ကိုကိုနိုင်၊ ဆရာအောင်ရာဇာနှင့် ဆရာဝင်းတင်တို့က မုဒိတာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာ သုံးဆယ်မောင်မိုးယဉ်က တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့် ရည်ညွှန်းစာ ကြည့်တိုက်များသို့ ဆရာရေးသားထားသော ကိုယ့်ရင်ထဲက မောင့်ချစ်သည်း စာအုပ်များကို လှူဒါန်းခဲ့ပါသည်။
ထို့နောက် စာရေးဆရာ သုံးဆယ် မောင်မိုးယဉ်မှ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာရေးဆရာ၊ ဆရာမများအတွက် ဆရာရေးသားထားသော ကိုယ့်ရင်ထဲက မောင့်ချစ်သည်း စာအုပ်တစ်အုပ်စီ လက်ဆောင်ပေးခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ တက်ရောက်လာသူများအား ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)