ကော့သောင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်းဘုတ်စိုက်ထူ
Aug 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၁)နှစ်မြောက် လူကုန်တားရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် "လူကုန်ကူးမှုခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှု ရရှိဖို့ဆောင်ရွက်ကြပါစို့ "ဆိုင်းဘုတ်စိုက်ထူခြင်းများကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ ကားဂိတ်၊ လေဆိပ်များတွင် ပြုလုပ်ခဲ့သည်။