သုံးခွ စက်တင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်သုံးခွမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက '"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်မင်းရွာကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်းပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်(လဝက)ဦးစီးမှူး ဦးမင်းသူက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်း၊ ပန်းခင်းစီမံချက်အကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းကြောင့် ရရှိမည့်အကျိုး ကျေးဇူးများ၊ မပျောက်မပျက်အောင်စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ပုံနှင့် ထိန်းသိမ်းနည်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသက်၁၀နှစ်ပြည့် နိုင်ငံသားအရည်အချင်းပြည့်မီသူ ကျောင်းသားကျောင်းသူ (၁၄၀) ဦးတိုအား မြို့နယ်(လဝက)ဦးစီးမှူး ဦးမင်းသူ၊ မင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၊ အ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ် မော်မော်နှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်