လင်းခေးမြို့ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏   အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

လင်းခေး  စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊လင်းခေးမြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ ရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးစိုင်းကြည်ရွှင်နှင့်လင်း‌ခေးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ဌေးခိုင် တို့က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေး လက်ကျန်ရှင်းတမ်း ဖတ်ကြားခြင်း၊ အသင်းသားများ၏အကြံပြုချက်များ ရယူခြင်းနှင့် သဘာပတိ၏ အတည်ပြုချက်ကိုရယူကြ သည်။

ထို့နောက်အစည်း အဝေးတက်ရောက်လာကြသည့် အသင်းသားများအား အသင်းသားများ၏ စုဆောင်းငွေအပေါ် အမြတ်‌ငွေနှင့် အစည်းအဝေးစရိတ်စုစုပေါင်း(၂၄၇၇၀၀၀) ကျပ် ထုတ်ပေးပြီး၊ အခမ်းအနားသို့ အသင်းသားစုစုပေါင်း(၄၆၁)ဦးအနက် (၃၁၁)ဦးတက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)