ပေါက်ခေါင်းမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

ပေါက်ခေါင်း     ဩဂုတ်    ၃၁

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့၌ အထက(ပေါက်ခေါင်း)ကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်း က ပေါက်ခေါင်းမြို့ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် အထက(ပေါက်ခေါင်း)မှ အဝါ၊ အစိမ်း၊ အနီ၊ အပြာနှင့် လိမ္မော်ဘောလုံးအသင်း (၅)သင်းမှ အုပ်စုပတ်လည်ပွဲစဉ်အဖြစ်  ဩဂုတ်(၁၇)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အုပ်စုပထမရသည့်အသင်းနှင့် အုပ်စုဒုတိယရသည့်အသင်းတို့ ယနေ့ဗိုလ်လုပွဲအဖြစ် အပြာအသင်းနှင့် လိမ္မော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အပြာအသင်းက ခုနှစ်ဂိုး၊ သုံဂိုးရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ ဒုတိယဆုရရှိသည့် အပြာအသင်းကို ဆုဖလားနှင့် ဂုဏ်ပြုဆုငွေ သုံးသောင်းကျပ်ကို အထက(ပေါက်ခေါင်း) ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းကလည်း‌ကောင်း၊ ပထမဆုရရှိသည့် လိမ္မော်အသင်းကို ဆုဖလားနှင့်ဂုဏ်ပြုဆုငွေ ငါးသောင်းကျပ်ကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှိုင်မင်းထွဋ်ကလည်းကောင်း၊ ပွဲစဉ်တစ်လျောက်တစ်ဦးခြင်း အကောင်းဆုံး ကစားသမားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)