ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ သံလွင်မြစ်ကူး(ကွမ်းလုံ) တံတားသစ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 31,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၁၁)နာရီက လားရှိူးခရိုင် ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်အား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။